Pan Pyoe Yeik Project မှာ Volunteer အနေနဲ့ ပါ၀င်ခဲ့တဲ့ အတွေ့အကြုံ
- Personal
- Volunteer
- Community
ဒီတခါမှာတော့ ကျွန်တော့်ရဲ့ ပထမဆုံး Volunteer အတွေ့အကြုံအနေနဲ့ Youth Organization တခုဖြစ်တဲ့ Young City Shapers Cohort 18 Pan Pyoe Yeik Project မှာ Volunteer အနေနဲ့ ပါ၀င်ဖြစ်ခဲ့ပုံကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ Project ကတော့ "All Inclusive" ဆိုတဲ့ Theme နဲ့အတူ Local Down Syndrome Community တခုနဲ့ ပူးပေါင်းပြီး ကိုယ်တိုင်လုပ်ထားတဲ့ Organic Waste Fertilizer တွေကိုသုံးပြီး Garden လေးတခု ဖန်တီးဖို့ဖြစ်ပါတယ်။ July 12, 17, 18 နဲ့ 25 ဆိုပြီး စုစုပေါင်း Volunteer ၄ ရက်လုပ်ခဲ့ရပါတယ်။
How it's started
Pan Pyoe Yeik ရဲ့ Member တယောက်ဖြစ်တဲ့ ကိုသိန်းထက်စံ (Sam) နဲ့ဆုံရင်း သူက ဒီ Project အကြောင်းပြောပြတဲ့အခါ Down Syndrome Community နဲ့ဖြစ်တာတကြောင်း၊ ကျွန်တော်ကိုယ်တိုင်ကလည်း Volunteer တခါမှမလုပ်ဖူးတာတကြောင်း ကျွန်တော် စိတ်ဝင်စားသွားခဲ့ပါတယ်။ ဒါကြောင့် Volunteer Application Form တင်ပြီး Interview ဖြေကာ Join ဖြစ်ခဲ့တာဖြစ်ပါတယ်။
Day 1 of Volunteering
📅 Date: July 12, 2026
📌 Location: 3rd Floor, Shwe Gon Plaza, Yangon
မနက် 9:00 မှာ Volunteer တွေ၊ Event Organizer တွေ၊ Down Syndrome Community Member ၀င်တွေအားလုံး ရွှေဂုံတိုင်မှာ ရှိတဲ့ ရွှေဂုံပလာဇာ Yangon School of Social Work (YSS) မှာ တွေ့ဆုံကြပါတယ်။ 9:30 AM လောက်မှာ အနည်းငယ် Orientation လုပ်ပြီး Project အကြောင်းနဲ့ ဘာတွေလုပ်ရမယ်ဆိုတာကို ပြောပြခဲ့ပါတယ်။ အဲ့ဒီနောက် Down Syndrome Community Member တွေနဲ့ Volunteer တွေ ပိုမိုရင်းနှီးစေဖို့အတွက် (Air, Soil, Sun, Water, Tree) ဆိုပြီး Team လေးတွေ ဖွဲ့ခဲ့ကြပါတယ်။
အဲ့ဒီနောက် Team ရဲ့ Name နဲ့ Theme တွေကို ရွေးခိုင်းပြီး Team အလိုက် ဓာတ်ပုံစုရိုက်ကြရပါတယ်။ ကျွန်တော်တို့ Team Air အနေနဲ့ကတော့ ဒါတွေကို ရွေးခဲ့ကြပါတယ်။
Team: Air
Name: AirPT
Theme: "Feel the breeze, Seek the peace"
နောက်ပြီး Team အသီးသီးရဲ့ Theme အလိုက် Poster လေးတွေ ရေးခဲ့ကြပါတယ်။ ကျွန်တော်တို့ Team Air ကတော့ ကိုယ်ရဲ့ Theme နဲ့အဆင်ပြေအောင် အတတ်နိုင်ဆုံး ရေးဆွဲခဲ့ကြပါတယ်။ ကျွန်တော်ကတော့ ပုံမဆွဲတတ်လို့ အရောင်ပဲခြယ်ခဲ့ပါတယ်။
ဒါ့အပြင် အကိုတယောက်ကနေပြီးတော့ Environmental အကြောင်း Sharing လုပ်ပေးသွားပါသေးတယ်။ Launch Break 30 Minutes ပြီးတဲ့နောက် Team အလိုက် Garden မှာသုံးမယ့် ပန်းအိုးလေးတွေကို ဆေးရောင်ချယ်ခဲ့ကြပါတယ်။ အားလုံးပြီးသွားတဲ့နောက်မှာတော့ Active အဖြစ်ဆုံး Team ကိုရွေးပြီး လက်ဆောင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ Team Air က အနည်းငယ် Active ဖြစ်သွားလို့ လက်ဆောင်လေးတွေကို ရရှိခဲ့ပါတယ်။ That's all for today.
Extra Day of Volunteering
📅 Date: July 17, 2026
📌 Location: Yes We Can Campus, Ma Kyee Kyee Street, Yangon
Extra Day မှာတော့ ကျွန်တော်တို့ Volunteer တွေအနေနဲ့ Garden လုပ်မယ့်မြေနေရာကို ရှင်းလင်းရေးလုပ်ရတာပဲဖြစ်ပါတယ်။ တနေကုန် တကယ်ပင်ပန်းခဲ့တဲ့နေ့ပေါ့။ ပထမဆုံး Garden လုပ်မယ့်မြေနေရာမှာရှိတဲ့ ကျောက်ခဲတွေ၊ အုတ်ခဲအကျိုးအကြေတွေကို ရှင်းရပါတယ်။ အဲ့နောက် ရှိပြီးသားမြေကို ပေါက်ပြားတွေနဲ့ လိုက်ညှိပါတယ်။ မြေနေရာကိုရှင်းပြီးတဲ့နောက် သဲ၊ ဖွဲပြာတို့နဲ့ လိုက်ဖြည့်ပါတယ်။ အဲ့နောက်မှာ ဘဲစားမြက်လို့ခေါ်တဲ့ မြက်ပင်တွေကို ကောက်စိုက်သလို စိုက်ကြပါတယ်။ လုပ်ငန်းစဉ်အားလုံးကို 10:00 AM လောက်ကနေ 5:00 PM လောက်အထိ လုပ်ခဲ့ရပါတယ်။ အားလုံးပင်ပန်းသွားကြပေမယ့် အောင်မြင်စွာပြီးစီးခဲ့ပါတယ်။
Garden ပြင်ဆင်ခဲ့တဲ့ Process ဓာတ်ပုံတွေကို အောက်မှာ ပြထားပါတယ်။
Day 2 of Volunteering
📅 Date: July 18, 2026
📌 Location: 3rd Floor, Shwe Gon Plaza, Yangon
Day 2 မှာတော့ ရွှေဂုံပလာဇာ Yangon School of Social Work (YSS) မှာပဲ တွေ့ဆုံပြီး အနည်းငယ် Orientation လုပ်၊ Team တွေပြန်ဖွဲ့ပြီး Team အလိုက် Game လေးတွေဆော့ရပါတယ်။ ဒီနေ့ထူးခြားတာကတော့ Local Community တခုဖြစ်တဲ့ The Sprout Scouts Member တွေကနေပြီးတော့ အမှိုက်စွန့်ပစ်နည်းတွေအကြောင်း Sharing လုပ်ပြီး လက်တွေ့ Game လေးတွေ ဆော့ခဲ့ကြတာပဲဖြစ်ပါတယ်။
နေ့လယ်ပိုင်းမှာတော့ Local Organic Farm တခုဖြစ်တဲ့ ဟေရမုန် - Urban Organic Farm ရဲ့ Owner ကနေ မျိုးစေ့တွေ၊ မြေသြဇာတွေအကြောင်း ရှင်းပြပေးပြီး လက်တွေ့အသုံးပြုမည့် Seed Balls လေးတွေကို Volunteer တွေနဲ့ Down Syndrome Community Member တွေ အတူတူ လက်တွေ့လုပ်ခဲ့ပါတယ်။ Seed Balls လုပ်နည်းကတော့ အရမ်းလွယ်ပြီး အရည်အသွေးကောင်းတဲ့ ရွှံ့၊ မြေသြဇာတွေနဲ့ မျိုးစေ့တွေကို ပေါင်းပြီး ကျွန်တော်တ်ို့အိမ်မှာလည်း လက်တွေ့လုပ်နိုင်ပါတယ်။
Day 3 of Volunteering [Final Day]
📅 Date: July 25, 2026
📌 Location: Yes We Can Campus, Ma Kyee Kyee Street, Yangon
Final Day မှာတော့ စမ်းချောင်းက Yes We Can Campus မှာ Community Garden လုပ်ဖြစ်ခဲ့ပါတယ်။ ရောက်ရောက်ချင်းကတော့ မြက်စိုက်ရပါတယ်။ အဲ့နောက် ကြိုတင်ဝယ်ယူထားတဲ့ ပန်းပင်တွေကို စိုက်ကြပါတယ်။ မနက်ပိုင်း အပင်စိုက်တာနဲ့ပဲ ပြီးသွားပါတယ်။ နေ့လယ်ပိုင်းမှာတော့ Pan Pyoe Yeik Member တွေ၊ Volunteer တွေနဲ့ Down Syndrome Community Member ဝင်တွေအနေနဲ့ အဖွဲ့ငယ်လေးတွေခွဲပြီ: Plant Ball လေးတွေလုပ်ကြပါတယ်။ Plant Ball လုပ်တဲ့ Process က အင်မတန်ကိုမှ လွယ်ကူရိုးရှင်းပါတယ်။ မိမိတို့ကိုယ်တိုင်လုပ်ထားတဲ့ Plant Ball လေးတွေကို ချိတ်ဆွဲကြပါတယ်။ ကျွန်တော်ကတော့ အပင်စိုက်၊ ရေလောင်းပဲ လုပ်ခဲ့တဲ့အတွက် Team Works လေးတွေ မ Join ဖြစ်ခဲ့ပါဘူး။
Extra Day: Volunteers's Fun Fair
📅 Date: July 26, 2026
📌 Location: ဟေရမုန် - Urban Organic Farm၊, Mingalardon, Yangon
Pan Pyoe Yeik Project ပြီးမြောက်သွားတဲ့နောက် Project Member တွေနဲ့ Volunteer တွေ အားလုံးအတွက် Fun Fair လေးတခုကို ဟေရမုန် Farm မှာ ကျင်းပခဲ့ပါတယ်။ မနက် ၁၀ နာရီလောက် မင်္ဂလာဒုံက ဟေရမုန် Urban Organic Farm ကို ရောက်ပါတယ်။ ပြီးတော့ ဟေရမုန်ရဲ့ Owner ဆရာ Luke Win ကနေပြီးတော့ Mental Thrapy လုပ်ပေးပါတယ်။ Emotional Chek-in ဆိုပြီး ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို အတူတူ Share လုပ်ကြပါတယ်။ အဲ့နောက်မှာတော့ ဟေရမုန် Farm မှာရှိတဲ့ အပင်တွေကို လေ့လာကြရပါတယ်။ နေ့လယ်ပိုင်းမှာတော့ Project Member တွေ Volunteer တွေအားလုံး အဖွဲ့နှစ်ဖွဲ့ခွဲပြီး ဟေရမုန်မှာရှိတဲ့ Organic အသီးအရွက်တွေကိုသုံးပြီး ဟင်းချက်ပြိုင်ကြရပါတယ်။ Overall အနေနဲ့ပြောရရင် အရမ်းပျော်ခဲ့ရပါတယ်။
Volunteer တယောက်အနေနဲ့ အရမ်းပျော်ခဲ့ရပါတယ်။ Down Syndrome Community Member တွေနဲ့ Team လေးတွေ ဖွဲ့ပြီး အတူတူ Game တွေဆော့၊ Poster တွေရေး၊ Seed Balls လုပ်၊ Plant Balls လုပ် စသည်ဖြင့် အရမ်းကိုအဆင်ပြေပြီး အရမ်းကိုပျော်ရွှင်စရာကောင်းခဲ့ပါတယ်။ အတွေ့အကြုံတွေလည်း အများကြီးရခဲ့ပါတယ်။
Project အကြောင်း Details သိချင်ရင် အောက်က Link တွေကို Check လုပ်နိုင်ပါတယ်။
Doh Eain: Parent Organization
Young City Shapers: Incubated by Doh Eain
- Facebook Page: Young City Shapers
- Website: Young City Shapers
Pan Pyoe Yeik: One of the YCS Cohort 18 Projects
- Facebook Page: ပန်းပျိုးရိပ် - Pan Pyoe Yeik
Aung Myint Myat
Stay tuned for more posts!


